Cofrance SARL (AVIAV TM) အကြောင်း

စီးပွားရေးလုပ်ငန်းများလုပ်ဆောင်နေသည်။

ကျွန်ုပ်တို့၏ အဓိကအထူးပြုနယ်ပယ်များ – စီးပွားရေး၊ ဆေးပညာနှင့် ကုန်တင်လေယာဉ်။ ကျွန်ုပ်တို့သည် အောက်ပါဝန်ဆောင်မှုများလုပ်ဆောင်ပေးပါသည်။

  • လေယာဉ်များနှင့် ရဟတ်ယာဉ်များ စီးလုံးငှားခြင်း။
  • လေယာဉ်ရောင်းချခြင်း၊ စိတ်တိုင်းကျ ပြင်ဆင် မွမ်းမံပေးခြင်းနှင့် တည်ဆောက်ခြင်း
  • စီးပွားဖြစ် စီမံခန့်ခွဲမှု (လေယာဉ်များနှင့် ရဟတ်ယာဉ်များအား ကူညီပံ့ပိုးခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း)
  • အာကာသယာဉ်နှင့် လေယာဉ်အာမခံ
  • ဥပဒေရေးရာအကူအညီ (လေဆိပ်များနှင့် လေကြောင်းလိုင်းများပါဝင်နေသော အဓိက အငြင်းပွားမှုများကို ညှိနှိုင်းစေ့စပ်ပေးခြင်း)

လေကြောင်းကျွမ်းကျင်သူမှ အတိုင်ပင်ခံ အကြံပေးခြင်း

Cofrance SARL (AVIAV TM) သည် တိုက်ကြီး ၅တိုက်တွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိသည်။ ဤကုမ္ပဏီသည်  ဈေးကွက်ကို အကြီးမားဆုံး ပိုင်ဆိုင်ထားသူဖြစ်သည့်အတွက် ကမ္ဘာ့ထိပ်တန်းလေကြောင်း ကော်ပိုရေးရှင်းများ၊ လေဆိပ်များ၊ လေကြောင်းလိုင်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို တည်ဆောက်ခဲ့သည်။ ကျွန်ုပ်တို့တွင် လေယာဉ်အစင်းပေါင်း တစ်သိန်းကျော်နှင့် ချိတ်ဆက်ထား ရှိပါသည်။ ကျွန်ုပ်တို့သည် စီးပွားရေး၊ ဆေးပညာ၊ တစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများ အတွက်  ကုန်တင်လေယာဉ်ခရီးစဉ်များကို ပံ့ပိုးပေးပါသည်။

Cofrance SARL (AVIAV TM) ၏ တည်ထောင်သူနှင့် စီအီးအို ဗစ်တာလီ အာခန်ဂျယ်စကီသည် လေကြောင်းလိုင်း လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်မှာ အနှစ်၂၀ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဤကာလတစ်လျှောက်လုံးတွင် ၄င်း၏ကုမ္ပဏီသည် ဥရောပ၊ ရုရှနှင့် ကမ္ဘာတစ်ဝန်းလုံး၌  လေယာဉ်များနှင့် လေဆိပ် လုပ်ငန်းလည်ပတ်မှု အတွေ့အကြုံများရရှိပြီးဖြစ်သည်။ ယနေ့ခေတ်တွင် ကုမ္ပဏီရုံးချုပ်သည် နိုက်စ်မြို့၏ အလယ်ဗဟိုတွင် ထင်ရှားကျော်ကြားသော နဂရပ်စ်ကို ဟိုတယ်နှင့် ကပ်လျက် တည်ရှိသည်။

ဤကုမ္ပဏီ၏ အာမခံနှင့်ချေးငွေလုပ်ငန်းကို ပြင်သစ်ပြည်နယ်အဖွဲ့အစည်း ORIAS (N 14005763) မှ ထိန်းချုပ်ကွပ်ကဲပြီး ISO 9000 လက်မှတ် ရရှိထားပါသည်။ လုပ်ငန်းလည်ပတ်မှုတွင် ကုမ္ပဏီအနေဖြင့် စုစုပေါင်း အရည်အသွေး စီမံခန့်ခွဲမှုစည်းမျဉ်း TQM ကို လိုက်နာ ဆောင်ရွက်လျှက်ရှိသည်။

Cofrance SARL (AVIAV TM) သည် အောက်ပါ တစ်ကမ္ဘာလုံးအသိအမှတ်ပြု  လေကြောင်း အဖွဲ့အစည်းများ၏ အဖွဲ့ဝင်တစ်ခု ဖြစ်သည်။

  • EBAA (ဥရောပစီးပွားရေးလေကြောင်းအဖွဲ့အစည်း)
  • NBAA (အမျိုးသားစီးပွားရေး လေကြောင်း အဖွဲ့အစည်း)

EBAA ပြင်သစ်

  • ၀န်ဆောင်မှုအရည်အသွေးအဆင့်နှင့် လုံခြုံရေးစံနှုန်းများကို နိုင်ငံတကာကျွမ်းကျင်မှုဆိုင်ရာ ထိပ်တန်း အဖွဲ့အစည်းများက ကြည့်ရှုစစ်ဆေးပြီး လက်မှတ်များ ထုတ်ပေးခဲ့သည်။
  • Wyvern Ltd. (လေယာဉ်ခရီးစဉ် ဘေးကင်းလုံခြုံရေး ခေါင်းဆောင်)
  • ARGUS နိုင်ငံတကာ (နိုင်ငံများစွာနှင့် သက်ဆိုင်သော အဆင့်များစွာပါဝင်သည့် စာရင်းစစ်ကုမ္ပဏီ)
  • လုပ်ငန်းနယ်ပယ်၏ အဓိကပွဲများတွင် ထိပ်ဆုံးမှပါဝင်သူအဖြစ် ၇နှစ်အကြာပါဝင်ခဲ့သူ
  • လုပ်ငန်းနယ်ပယ်၏ နိုင်ငံတကာ လိုအပ်ချက်များ နှင့် ကိုက်ညီခြင်း
  • ခေတ်သစ် KYC နည်းဗျူဟာများကို အသုံးပြုသော AML မူဝါဒကို လိုက်နာခြင်း

စာအုပ်များကို ပြင်သစ်နိုင်ငံ CERES မှ စီမံခန့်ခွဲထားသည်။ Cofrance SARL (AVIAV TM) တွင် ပရော်ဖက်ရှင်နယ်အာမခံအတွက် ဒေါ်လာသန်း ၂၀ တန်ဖိုး အာမခံရှိသည်။

ဤကုမ္ပဏီသည် ၄င်း၏မည်သည့်အရောင်းအ၀ယ်ကိစ္စရပ် အတွက်မဆို ချက်ချင်း အဆင်သင့် အသုံးပြုနိုင်သော လေယာဉ်စီးလုံးငှားပံ့ပိုးမှုကိုပေးပါသည်။ အဆင့်မြင့်ဆုံးသော အီလက်ထရောနစ် ၀န်ဆောင်မှုများသည် အဝေးမှ ဖောက်သည်ဝန်ဆောင်မှု အတွေ့အကြုံအတွက်    အထူးလုံခြုံရေးအဆင့်များ လုပ်ဆောင်ပေးနိုင်စေသည်။

ဤလုပ်ငန်းနယ်ပယ်၏ ထိပ်တန်းကျွမ်းကျင်သူများသည် ၀ယ်ယူသူများ လိုအပ်သည့်အချိန်တိုင်း အကြံဥာဏ်ပေးနိုင်ရန်  အချိန်ပြည့်အဆင်သင့်ရှိနေသည်။

Cofrance SARL (AVIAV TM) သည် သင်၏လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် မရှိမဖြစ်လက်တွဲဖော်ဖြစ်သည်။